Friday 29 November 2013

ဟုတ်တယ် မဟုတ်လားချစ်သူ ချစ်သူ လူတွေက ပြောတယ် အသဲကွဲမှ သံစဉ်ဆိုတာ လှတာတဲ့ သီချင်းရေးမယ်ဆိုလဲ အသဲကွဲဖူးတဲ့သူက ပိုပြီးတော့ သံစဉ်လှတယ်တဲ့ ကဗျာရေးမယ်ဆိုလဲ အသဲကွဲဖူးသူက စာသားတွေ စာလုံးတွေ စူးရှတယ်တဲ့ ကဗျာဆရာတိုင်း တေးရေးဆရာတိုင်း အသဲကွဲဖူးလားတော့ မသိဘူး ငါ့မှာတော့ မကွဲဖူးတဲ့အသဲကို ဘယ်လိုခွဲရမှန်းမသိလို့ နင့်နာမည်ကို နှစ်မျိုးခွဲ နင်သာ ငါ့သရုပ်ဆောင်ဇာတ်လိုက်အဖြစ် ငါ ခိုင်းထားလိုက်တယ် စာသားတော့လှမလှ ငါမသိဘူး သေချာတာတော့ နင် ငါ့ဇာတ်မင်းသားခဏ ဖြစ်သွားတာပေါ့ ကောင်းတယ် စာသားတွေ ထိရောက်တယ်ဆိုလဲ နင်နဲ့ ပတ်သက်လို့ ဖြစ်ခဲ့တာပေါ့နော် ဟုတ်တယ် မဟုတ်လားချစ်သူ .. လွမ်းဆုလေး (ခ) ဆုလေးနွယ်

မျှော်လင့်ချက် လူတွေကပြောတယ် မျှော်လင့်ချက်နဲ့ အသက်ရှင်နိုင်တယ်တဲ့ ဟုတ်ရဲ့လား ချစ်သူ.. ငါ တွေ့သမျှ ခံစားနေရတာတော့ မျှော်လင့်ချက်ဆိုတာနဲ့ သေနိုင်တယ်ဆိုတာပဲ ဖြစ်နေတယ် နေမြင့်လေ အရူးရင့်လေဆိုသလိုမျိုး အချစ်ကို ကြာရှည်စွာဖက်တွယ်ထားမိလေ မျှော်လင့်ခြင်းက ဒဏ်ခတ်လေပဲ မျှော်လင့်ခြင်းနဲ့ အသက်ရှင်နိုင်တယ်ဆိုတဲ့စကားက ငါ့အတွက်တော့ မဟုတ်ခဲ့ဘူးထင်တယ် ဘာကြောင့်လဲ မေးရင် မျှော်လင့်ရင်းနဲ့ ငါ သေနိုင်လို့လေ... လွမ်းဆုလေး